Tuesday, February 28, 2017

နောက်ထွက်တဲ့ Huawei Model အမြင့်ဖုန်းတွေမှာအသုံးပြုထားတဲ့ HD Display အကြောင်း

နောက်ထွက်တဲ့ Huawei Model အမြင့်ဖုန်းတွေမှာအသုံးပြုထားတဲ့ HD Display အကြောင်းပါ။

Honor Series တွေမှာ အသုံးများပါတယ်။ ပုံမှန်ဖုန်းတွေမှာ LCD ရဲ့ Display အလုပ်လုပ်ဖို့အတွက် VDD2.8V (Analog Volt) နဲ့ VIO 1.8V (Digital Volt) ဆိုပြီး ဗို့အားနှစ်မျိုး လိုအပ်ပါတယ်။ မော်ဒယ်အမြင့် HD Display တွေမှာတော့ VIO 1.8V ပါဝင်ပြီး VDD 2.8V မသုံးတော့ပါဘူး။ VDD 2.8V နေရာမှာ VSP +5V နဲ့ VSN -5V ဆိုပြီး ပြောင်းသွားပါတယ်။

အဲဒီမှာ မတူတာ တွေ့တာပါပဲ။

ပုံမှန် ဖုန်းတွေမှာ အကြောင်းတခုခုကြောင့် အရုပ် (Display) ပျောက်နေရင်တောင် နောက်ခံမီး (Backlight) ကျန်နေလို့ LCD ဖွေးဖွေးကြီးကို မြင်ရပါသေးတယ်။ HD Display ဖုန်းတွေမှာတော့ Display ပျောက်ရင် Backlight ပါ ပျောက်သွားလို့ screen မဲမဲကြီးပဲ တွေ့ရမှာပါ။

ဟုတ်ပြီ အဲဒါဆို ဘာမတူတာကြောင့်လဲ ကြည့်ရအောင်။

HD Display အလုပ်လုပ်ဖို့ +5V နဲ့ -5V လိုအပ်ပါတယ်။ အဲဒီဗို့တွေကို LCD Bias Driver ပိုင်းက ထုတ်ပေးပါတယ်။ Honor 4X မှာတော့ ပါဝါအိုင်စီအသေးက LCD Bias ရော Backlight ပါ ထုတ်ပေးပါတယ်။

LCD Bias Driver ပိုင်းကြောင့်ဖြစ်စေ၊ VSP နဲ့ VSN လမ်းကြောင်းမှာခံသုံးထားတဲ့ ကွိုင်လေးတွေ ပြုတ်ရင်ပျက်ရင်ပဲဖြစ်စေ Display ပိုင်း အလုပ်မလုပ်တော့ပါဘူး။ Display ပိုင်း အလုပ်မလုပ်ရင် CPU က ပို့ပေးတဲ့ PWM အချက်ပြကို Display ပိုင်းက ပြန်ထုတ်မပေးနိုင်တော့ပါဘူး။ PWM ကို CPU က တိုက်ရိုက်ယူသုံးတဲ့ ဖုန်းတွေမှာတော့ Display ပျောက်ပေမယ့် Backlight လင်းနေပါသေးတယ်။
HD Dispaly ဖုန်းတွေမှာတော့ PWM ကို CPU ကနေ Display ကို အရင်ပို့ပေးပါတယ်။ Display ကတဆင့် Backlight IC ကို ပြန်ပေးတာပါ။

PWM က ဘာအတွက်သုံးတာလဲ။ Pulse Width Modulation ဆိုတဲ့ လှိုင်းခွင်ကို လိုသလိုပြောင်းလဲပြီး Backlight IC ပိုင်းကို ပေးသွင်းပါတယ်။ ကျနော်တို့ ဖုန်းကို Brightness Control ချိန်တဲ့အခါ သတ်မှတ်အလင်းရောင်ရဖို့ Backlight IC ရဲ့ အထွက်ဗို့ကို ချိန်ညှိပေးရပါတယ်။ အဲဒါကြောင့် PWM မရောက်ရင်Backlight IC အလုပ်မလုပ်လို့ ဗို့မြင့်မထွက်သလို Backlight လဲ မလင်းတော့ပါဘူး။

အဲဒါဆို အရုပ်မပေါ်တာနဲ့ အလင်းရောက်ပျောက်တာကို Display အပေါ်မူတည်ပြီး စဉ်းစားကြည့်လို့ ရပါပြီ

all Credit







Sunday, February 26, 2017

Logo တွင်ရပ်နေသော ဖုန်များ error ရှာနည်း

‌Logo တွင် ရပ်နေသော ဖုန်းများ
ပါဝါအိုင်စီသာ ကောင်းမယ်ဆိုရင် စပလိုင်းချိတ်လိုက်
တာနဲ့ VDIG-1.8V ရယ် VRTC-2.6Vရယ် အော်တို
ထွက်နေမယ်ဗျာ ။ပါဝါခလုတ်နှိပ်လိုက်မှ VIO -1.8V
ထွက်လာပြီး Vibrator တစ်ချက်တုန်မယ်။
တစ်ပြိုင်ထဲ VSYS-2.2V ထွက်လာပြီး
LOGO တက်လာပါမယ်။
ဒီဗို့ တွေမှန်ပြီး LOGO မှာရပ်နေရင်တော့ ဆော့ဝဲပိုင်း
လေးအရင်လုပ်ကြည့်ပါ။
crystal လေးလဲကြည့်ပါ။
ပါဝါအိုင်စီ Reball လုပ်ကြည့်ပါ။
LOGO မတက်ရင် MT 6166  အနီးနားကိုအပူပေး
ကြည့်ပါ။လိုအပ်လျှင် MT 6166 ကိုလဲကြည့်ပါ။
မရရင်တော့ သေချာပါပြီ EMMC သာလဲကြည့်လိုက်တော့  သိတာလေးတွေ မှတ်သားထားတာလေးတွေ တင်ကြည့်တာ ဆရာများရဲ့အာဘော်တွေလဲပါ ပါတယ် သက်ဆိုင်ရာဆရာများအား အစဉ်လေးစားလျက်ပါ
                                     ကိုမျိုး (အလင်းတန်း)
huawei cun-u29 (Y5II) frp

အရမ်းကိုရိုးရှင်းလွယ်ကူပါတယ်
1 sd ကဒ်ထဲသို quick shortcut maker .apk လေးကိုcopy ကူးထားပါ
2.wifi ချိတ်ထားပြီးgmail တောင်းတဲ့အနေအထားမှာ
power ခလုတ်နဲ့ဆန့်ကျင်ဘက်မှာပါတဲ့ခလုတ်လေးကို
2second ဖိထားပါ google search ပေါ်လာပါလိမ်မည်
3 အဲဒီမှာ files လို့ရီုက်လိုက်ပါကfiles applation လေးတွေလျင်ဝင်ပေးပြီး quick shortcut maker .apk
install လုပ်ပေးပါ
ကျန်တာ တော့ ကိုယ်ဟာကိုယ် လုပ်တော့တူသွားပြီ
credit to original

Firmware ရေးသားနည်း

MTK Firmware နှင့် Other Firmware များ ရေးသားနည်း အမျိုးမျိုး

Mtk ဆို

firmware အမျိုးစားက

update.zip နဲ့လာမယ်

dload နဲ့လာမယ်

mtk firmware နဲ့လာမယ် .bin နဲ့လာမယ် .bin တောင်လေးမျိုးထွက်
တယ်ဗျ
Sp flashtool ရယ် mtk droidtool ရယ်ပေါငိးပြီး Readback လုပ်
တာတစ်မျိုး

miracle box နဲ့

backup လုပ်တာတစ်မျိုး

Phiraha box နဲ့ backup လုပ်တာတစ်မျိုး

ဒီ box နှစ်မျိုးက လဲ ထွက်တဲ့ bin size ကမတူဘူးဗျနော် နောက် original firmwar ကိုက .bin နဲ့ပေးတာ ဥပမာ xboလို modelပေါ့ဗျာ

အဲ့တော့ mtk ဆိုအများဆုံးရေးကြတယ် box အသုံးပြု ပြီးသော်လည်ကောင်း

sp flashtool အသုံးပြု ပြီးသော်လည်းကောင်း ရေးကြတယ် ဆိုလိုရင်းက ရေးတယ် Error တွေတက်ကြတယ်

ဒီနေရာမှာ sw ပိုင်းနဲ့ hw ပိုင်းကိုသုံးသပ်ဖို့လိုလာပြီ

4032 ပြတယ်

ဒါဆို ကျနော်တို့ သတိထားရတော့မယ်

ဆယ်လုံးမှာ ရှစ်လုံးက emmc ပိုင်းဖြစ်ဖို့များသွားပြီ

နှစ်လုံးက flashtool version ပြောင်းလို့

firmware region or buildnumber ပြောင်းလို့ရသွားမယ်

မရတာကြီးကို Software နဲ့ ဇွတ်အတင်းလုပ်နေရင် အချိန်ကုန်မယ်ဗျာ

5069 တက်တယ် basedband မှာ error တက်နေလို့ မရတာ

ဇွတ်ကြီးလုပ်နေမယ် အချိန်ကုန်မယ် 8083 error တက်မယ်

userdata နဲ့ cust ဖိုင်မပါလို့ တက်တယ် 1032 usb error တက်မယ်

3049 တက်မယ် power ပိုင်းမှာ error တက်မယ် အနီလေးတွေပြေးသွားပြီး flashtoolပါ

force closed ဖြစ်သွားတယ် cpu မှာ error တက်မယ် not enought memory error တက်မယ်

Flashtool version နိမ့်နေလို့တက်တယ် သို့မဟုတ် firmwareက downgrade

ဖြစ်နေလို့တက်မယ် Firmware ကရေးတယ်ပြီးသွားတယ် တက်မလာဘူး

vibrate ပဲ တုန်တယ် ဒါဆိုလဲ hw ပိုင်းကများသွားပြီ service သမားအများစုလဲ

ယနေ့အ ချိန်ခါမှာ လုပ်သက်နုသေးတယ်ဆိုရင်တောင်

အတွေ့ကြုံတွေက မနည်းကြပါဘူး အရမ်းကြီး ခေါင်းစားမခံကြပါနဲ့တော့

software သေချာနေပြီဆို error မပြပဲ တန်းရေးတန်းတက် တာများနေတာပဲကို

နောက် cpu မတူတာကိုမှား flash မိတယ် ခုနောက်ပိုင်း clone တွေကများ

clone ကိုမှ model တူ brand တူ ပုံစံတူ ကုမ္မဏီတူပြီး cpu မတူတာတွေလဲပေါ်လာပြီ

ဥပမာ syh kenxinda

လိုဖုန်းတွေ ပေါ့ဗျာ

cpu 6582 ကို cpu 6580 နဲ့ flash လို့ရနေတယ်

ပြီးရင်တော့ MediaTwicked ဆိုပြီး တက်မယ် cpu ပဲသိတော့တယ် emmc ထဲက partition တွေက MBR ပြောင်းသွားပြီ

ပြန်ခွဲမပေးနိုင်တော့ဘူး emmc ထဲကို data တွေ flash ဖို့ ချိတ်ဆက်မပေးနိုင်တော့ဘူး အများကြီးပဲဗျ

နောက် firmware folder က တရုတ်စာဖြစ်နေလို့ battery အားမရှိလို့ usb ခေါင်းမကောင်းလို့ ရေဝင်ထားလို့ အောက်ပြုတ်ကျထားလို့ တစ်ချို့ firmware တွေက sing ထည့်ထားလို့

ဥပမာ

h30 u10

Hol u10

Hol u19

Redmi note 3

Error တွေ error တွေ

ဆိုတာ အများကြီးပဲ အဲတော့က လာပြင်တဲ့ဖုန်းတစ်လုံးကိုယ့်လက်ထဲ
မှာရချင်ရင် model တစ်မျိုးထဲကိုပဲ

မတူတဲ့ bin firmware တွေရှိရမယ် Company firmware တွေရှိရမယ်

internet က ဆွဲထားတာတွေရှိရမယ် ကိုယ်တိုင် backup firmware
 တွေရှိရမယိ

Build number မတူတာတွေရှိရမယ် region မတူတာတွေရှိရမယ်

model တူပြီး cpu မတူတာတွေရှိရမယ် rom zero တွေရှိရမယ်
box ရှိရမယ် crack တွေရှိရမယ်

flashtool version အစုံရှိရမယ် ရှိသမျှနဲ့ အကုန်ကြုံးကြည့်ရမယ် မရရင် emmc လဲဖို့

box ရှိရမယ် data ရှိရမယ် သပ်သပ်ရပ်ရပ် ဖြုတ်နိုင်တက်နိုင်ရမဲ့
စကေးရှိရမယ်