Honor Series တွေမှာ အသုံးများပါတယ်။ ပုံမှန်ဖုန်းတွေမှာ LCD ရဲ့ Display အလုပ်လုပ်ဖို့အတွက် VDD2.8V (Analog Volt) နဲ့ VIO 1.8V (Digital Volt) ဆိုပြီး ဗို့အားနှစ်မျိုး လိုအပ်ပါတယ်။ မော်ဒယ်အမြင့် HD Display တွေမှာတော့ VIO 1.8V ပါဝင်ပြီး VDD 2.8V မသုံးတော့ပါဘူး။ VDD 2.8V နေရာမှာ VSP +5V နဲ့ VSN -5V ဆိုပြီး ပြောင်းသွားပါတယ်။
အဲဒီမှာ မတူတာ တွေ့တာပါပဲ။
ပုံမှန် ဖုန်းတွေမှာ အကြောင်းတခုခုကြောင့် အရုပ် (Display) ပျောက်နေရင်တောင် နောက်ခံမီး (Backlight) ကျန်နေလို့ LCD ဖွေးဖွေးကြီးကို မြင်ရပါသေးတယ်။ HD Display ဖုန်းတွေမှာတော့ Display ပျောက်ရင် Backlight ပါ ပျောက်သွားလို့ screen မဲမဲကြီးပဲ တွေ့ရမှာပါ။
ဟုတ်ပြီ အဲဒါဆို ဘာမတူတာကြောင့်လဲ ကြည့်ရအောင်။
HD Display အလုပ်လုပ်ဖို့ +5V နဲ့ -5V လိုအပ်ပါတယ်။ အဲဒီဗို့တွေကို LCD Bias Driver ပိုင်းက ထုတ်ပေးပါတယ်။ Honor 4X မှာတော့ ပါဝါအိုင်စီအသေးက LCD Bias ရော Backlight ပါ ထုတ်ပေးပါတယ်။
LCD Bias Driver ပိုင်းကြောင့်ဖြစ်စေ၊ VSP နဲ့ VSN လမ်းကြောင်းမှာခံသုံးထားတဲ့ ကွိုင်လေးတွေ ပြုတ်ရင်ပျက်ရင်ပဲဖြစ်စေ Display ပိုင်း အလုပ်မလုပ်တော့ပါဘူး။ Display ပိုင်း အလုပ်မလုပ်ရင် CPU က ပို့ပေးတဲ့ PWM အချက်ပြကို Display ပိုင်းက ပြန်ထုတ်မပေးနိုင်တော့ပါဘူး။ PWM ကို CPU က တိုက်ရိုက်ယူသုံးတဲ့ ဖုန်းတွေမှာတော့ Display ပျောက်ပေမယ့် Backlight လင်းနေပါသေးတယ်။
HD Dispaly ဖုန်းတွေမှာတော့ PWM ကို CPU ကနေ Display ကို အရင်ပို့ပေးပါတယ်။ Display ကတဆင့် Backlight IC ကို ပြန်ပေးတာပါ။
PWM က ဘာအတွက်သုံးတာလဲ။ Pulse Width Modulation ဆိုတဲ့ လှိုင်းခွင်ကို လိုသလိုပြောင်းလဲပြီး Backlight IC ပိုင်းကို ပေးသွင်းပါတယ်။ ကျနော်တို့ ဖုန်းကို Brightness Control ချိန်တဲ့အခါ သတ်မှတ်အလင်းရောင်ရဖို့ Backlight IC ရဲ့ အထွက်ဗို့ကို ချိန်ညှိပေးရပါတယ်။ အဲဒါကြောင့် PWM မရောက်ရင်Backlight IC အလုပ်မလုပ်လို့ ဗို့မြင့်မထွက်သလို Backlight လဲ မလင်းတော့ပါဘူး။
အဲဒါဆို အရုပ်မပေါ်တာနဲ့ အလင်းရောက်ပျောက်တာကို Display အပေါ်မူတည်ပြီး စဉ်းစားကြည့်လို့ ရပါပြီ






No comments:
Post a Comment